ဟာဖွဇ်ွအဗ်နေ့ကိုင်ယူးမ်(ရဟ်မသွလ္လ်ာဟိအလိုင်ဟ်)က ဇာဒွလ်မအာဒ်ကျမ်းတွင် နမာဇ်၏ အကျိုးအာနိသင်များကို အောက်ပါအတိုင်းဖောပြထားသည်။ နမာဇ်သည်....
၁။ ရိုဇီရိက္ခာကို ဆွဲငင်၏။
၂။ ကျန်းမာရေးကိုစောင့်ထိန်း၏။
၃။ ရောဂါဝေဒနာများကို ပျောက်ကင်းစေ၏။
၎။ စိတ်နှလုံးကို အားအင်ဖြည့်တင်းပေး၏။
၅။ မျက်နှာကိုနူးရ်ဖြင့် လှပတောက်ပြောင်စေသည်။
၆။ ၀ိညာဉ်ကို ရွှင်မြူးစေ၏။
၇။ ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို လန်းဆန်းစေ၏။
၈။ ပျင်းရိမှုကို ပပျောက်စေ၏။
၉။ ရင်ကိုပွင့်လင်းစေ၏။
၁၀။ ၀ိညာဉ်၏အဟာရဖြစ်၏။
၁၁။ စိတ်နှလုံးကို လင်းဝင်းစေ၏။
၁၂။ အလ္လာဟ်အရှင်မြတ် ချီးမြှင့်တော်မူသော ကျေးဇူးတော်များကို စောင့်ရှောက်၏။
၁၃။ အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်များမှ ကာကွယ်ပေး၏။
၁၄။ ရှိုင်သွာန်အား ဝေးကွာစေ၏။
၁၅။ ရဟ်မာန် သနားကြင်နာသောအရှင်နှင့် နီးကပ်စေ၏။
           အချုပ်မှာ နမာဇ်သည် ခန္ဓာနှင့်ဝိညာဉ်တို့၏ ကျန်းမာမှုကို အထူးထိန်းသိမ်းနိုင်စွမ်းရှိ၏။ ဤအချက်နှစ်ချက်နှင့်စပ်လျဉ်း၍ အံဖွယ်ကောင်းလောက်အောင် ထက်မြက်စူးရှလှ၏။ လောကီ လောကုတ္တရာ နှစ်ဌာနစလုံး၏ အန္တရယ်များကို တွန်းလှန်ရာတွင်လည်းကောင်း၊ နှစ်ဘ၀စလုံး အကျိုးကျေးဇူးများ ဖြစ်ထွန်းစေရာတွင်လည်းကောင်း လွန်စွာထူးခြားလှပေသည်။