Home » February 2012
မေးမြန်းသူများသိစေရန်

မိမိတို့ဘဝ ရှင်သန်မွေးမြူ ရာတွင် ဖြစ်ပေါ် လာသည့် အခက် အခဲများ ကြုံဆုံ လာသည့် ဒုက္ခများ နှင့် ရှုပ်ထွေး လာသော ပြဿနာ များအား တရားတော်မြတ် နှင့်အညီ ကျင့်သုံး ဖြေရှင်း ပေးနိုင်ရန် အတွက် ကျွန်တော်များ အင်(မ်)ဒါဒွလ် မွတ်(စ်)မီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာနရှိ ဓမ္မသတ် မှုးများနှင့် ရင်ဖွင့် ဆွေးနွှေး တိုပင် စေလိုပါသည်။ မိမိတို့ မေးမြန်းလို သည်တို့နှင့် ဆွေနွှေး တိုင်ပင်လိုသည့် အကြောင်း ကိစ္စရပ် တို့ကို ရှင်းလင်း ပြတ်သားစွာ ရေးသားပြီး i.m.m.o.f.2011@gmail.comသို့ အီးမေးလ်ပို့၍ မေးမြန်းနိုင်သည် ၊မေးလ်ပို့၍   မေးမြန်း ပြီးသည့် နောက်တွင် မေးခွန်း များအား အင်န်ယှာ အလ္လာဟ် ရက်အနည်း ငယ်အတွင်း အင်(မ်)ဒါဒွလ် မွတ်(စ်)လိမီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာန၏ လျှောက်လွှာ ပုံစံ အဖြေလွှာပေါ်တွင် အွန်လိုင်း ဓမ္မသတ် ဌာန၏ တံဆိပ်တုံး၊ ဖြေဆိုသူ နှင့် ထောက်ခံ အတည် ပြုထားသော မွဖ်သီချုပ် တစ်ယောက်၏ လက်မှတ်အလုံးစုံ တို့ဖြင့် ဓမ္မသတ်ဆုံးဖြတ် ချက်များကို နည်းနာ တကျ ပြန်လည် ဖြေဆိုပေးနေ ပါသည်၊ မေခွန်းတိုင်း၏ ဖြေလွှာများကို မေးလ်ဖြင့်သာ ပြန်လည် ပို့ပေးမည် ဖြစ်ကြောင်း ကိုပါ တပါးတည်း ပြောကြား လိုပါသည်။ 

မိတ်ဆတ်စကား

အစ္စလာမ် သာသနာဝင် အပေါင်း သာသနာတော်၏ လမ်းညွှန်ချက်များ အပေါ် တိကျ လွယ်ကူစွာ လိုက်နာကျင့်သုံးနိုင်ရန်နှင့် မိမိတို့၏ဘဝ ရှင်သန် မွေးမြူရာတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများ ကြုံဆုံလာသည့် ဒုက္ခများနှင့် ရှုပ်ထွေးလာသော ပြဿာနာများအား ရှရီအသ် တရားတော်မြတ်နှင့် အညီ ဖြေရှင်းပေးနိုင်ရန် အတွက် ကျွန်တော်များ အင်(မ်)ဒါဒွလ် မွတ်(စ်)လိမီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာနတစ်ခု ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထို့အတူ နိုင်ငံရပ်ခြားတွင် သွားရောက် လုပ်ကိုင် နေကြသော ညီအစ် ကိုမောင်နှမ များအား လွယ်ကူမှု့ ရရှိစေရန် ဆိုဒ်တွင် ဤဌာနလေးအား ထည့်သွင်းထား ခြင်းဖြစ်သည်။ (မည်သူ တစ်ဦး တစ်ယောက်ကို မျှ ဦးတည် ရည်ရွယ် တိုက်ခိုက် နေခြင်းမဟုတ်။)