Home » 2012
ဆက်သွယ်ရန်အညွှန်း

အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်) အမည်ဖြင့် အွန်လိုင်းရှိ ဆိုဒ်တွင် အစ္စလာမ်နှင့်စပ်လျဉ်း၍ အခန်းကဏ္ဍ အသီးသီးတို့ကို လက်လှမ်းမှီသလောက် စုံလျှင်စွာတင်ဆက်လျှက် ရှိနေပါသည်။အလ္လာဟ်အရှင်မြတ် နှစ်ဘဝနှစ်ဌာန၌(ဂျဇာအေခိုင်းရ်) ကောင်းကျိုးချမ်းသား ပေးသနားတော်မူပါစေ၊ သာသနာ့ လုပ်ငန်းတိုင်းတွင် အခ်လာဆွ် ချီးမြှင့်တော်မူပါစေ……အာမီန်း
ကျွန်တော်များ အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်) အွန်လိုင်း မီဒီယာ ဝဘ်ဆိုဒ်လေးသို့ ပုံစံနှစ်မျိုးဖြင့် ဆက်သွယ်နိုင်ပါသည်။
  • (၁)အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်)ရှိ ဖသ်ဝါ (ဓမ္မသတ်) ကိစ္စမှအပ အခြားကျန်ကိစ္စများ ပြောဆို ဆွေးနွေး၊ တိုင်ပင်ရန် ဆန္ဒဖြစ်ပေါ်လာခဲ့ပါမူ ကျွန်တော်များ အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်)မှ လှိုက်လှဲစွာ ကြိုဆိုလျှက် ရှိကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ဆက်သွယ်ရန် လိပ်စာမှာ imdadulmuslimeen@gmail.com ဖြစ်သည်။
  • (၂)ဓမ္မသတ်ဌာနနှင့် စပ်လျဉ်း၍ အထူးသတိပြုလိုသည့် ကိစ္စရပ်တစ်ခုမှာ လူကြီးမင်းတို့ ဓမ္မသတ်မေးမြန်းလိုသည် တို့ကို ပွင့်ပွင်းလင်းလင်း i.m.m.o.f.2011@gmail.com မေးလ်ပို့၍သာ မေးမြန်းနိုင်ပါသည်။ ဖသ်ဝါ မေးမြန်းလိုသည်ဖြစ်စေ မေးခွန်း၏ အဖြေလွှာအပေါ် ပြောဆိုရန် လိုအပ်ချက် တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါမူ အားနာမှုအလျဉ်းမပြုပဲ ပြန်ကြားစာပေးပို့၍ ထပ်ဆင့် မေးမြန်းနိုင်ပါသည်။
ကျွန်တော်များ ဆိုဒ်လေးတွင် ဆက်သွယ်ရာမှု အဆင်ပြေစေရန်အတွက် ကဏ္ဍခွဲ၍ ယ္ခုကဲ့သို့ စီစဉ်ထားရခြင်း ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ဆက်သွယ်ရာတွင် အထက်ဖောပြပါ ပုံစံနှစ်မျိုးအား အထူးသတိပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
(အဒ်မင်)
စိုလိုင်မာန်{ရှမ်စီ}

အဟ်စနွလ်ဖသါဝါ (အုရ်ဒူ) ၁ မှ ၁၀ ထိ

ဖကီဟွလ် အဆွရ် မွဖ်သီအအ်ဇွမ် ဟဇွရသ်မော်လာနာ
မွဖ်သီ ရရှီးဒ်အဟ်မဒ် ဆွာဟိဗ် (ရဟေ့) ၏ စာအုပ်ဖြစ်သည်။
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 1}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 2}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 3}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 4}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 5}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 6}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 7}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 8}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 9}
အဟ်စနွလ်ဖသါဝါ(အုရ်ဒူ) {အတွဲ 10}




ကာဒီယာနီများ၏ဗီဇမှန်

بسم الله الرحمن الرحيم
အစဉ်အမြဲကြည်ညိုလေးစားအပ်ပါသော မြန်မာနိုင်ငံရှိ အများမွတ်စလင်မ်များ အတွက် မသိမဖြစ် အားလုံးသော သာမာန်ရိုးကျ ရိုးရှင်းစွာနေထိုင်၊စားသောက်၊ လေ့လာသမှု့ပြု၍ နက်ရှိုင်းစွာ အစ္စလာမ် ဘာသာရေးအသိတရားများ ကြွယ်ဝမှုမရှိသူတို့ကို နားလည့်ပါးရိုက် ပြုလုပ်နေသည့် ယုတ်မာပက်စက် သေးသိမ်ညံ့ဖျင်းသော အုပ်စုတစ်စုသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သော ရာစုနှစ်များတွင် အမည်မဖော် အသိမပေး တိတ်တခိုး မွတ်စလင်မ် အများစု၏ အီမာန်ကိုဖျတ်ဆီးနေခဲ့ကြလေသည်။ သို့တစေလည်း ထင်ပေါ်ကျော်ကြားစွာ သာသနာကို ဖျတ်ဆီးခဲ့ခြင်းအလျှင်းမရှိခဲ့ပေ။သို့သော် များမကြာမှီ အချိန်အနည်းအငယ်တွင် နယ်ဆင်း၍ အများမွတ်စလင်မ်များ၏ အီမာန်ကို ဖျက်ဆီးသမှု့စတင်ပြုလုပ်လာခဲ့ကြသည်။ ၎င်းအုပ်စုကို ကာဒီယာနီ ဟုခေါ်ဆိုလေသည်။ ယင်းကာဒီယာနီနှင့် စပ်လျဉ်း၍ အနည်းငယ်တင်ပြပါမည်။
ကာဒီယာနီ နှင့် ဘာသာခြားများ၏ ကွာခြားချက်……ဥပမာ။       ။ပုံစံမတူ ဝက်သား၊ အရက်ရောင်းချနေသူ နှစ်ဦးနှင့် အလားသဏ္ဍန်တူပေသည်။ တစ်ဦးသည် မိမိရောင်းချနေသော အသားစိမ်းသည် ဝက်သား၊ အရက် ဖြစ်ကြောင်း ပွင့်ပွင့် လင်းလင်း ပြောဆို၍ ရောင်းချသည်။ ကျန်တစ်ဦးသည် မိမိရောင်းချနေသော အသားစိမ်းသည် ဆိတ်သား၊ အမဲသား ပြီးနောက် မိမိ ရောင်းချနေသော အရက်ကို ဇမ်ဇမ်ရေ၏ တံဆိပ်ကပ်နှိပ်၍ လူအများကို လိမ်ညာပြောဆို ရောင်းချနေပါမူ မည်သူသည် ယုတ်ညံသူ  သေးသိမ်သူ အပြစ်ထိုက်သူ ဖြစ်မည်နည်း???။ ထိုနည်း အတိုင်းပင်ဖြစ်၏ ဗုဒ္ဒဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ခရစ်ယှာန်ဘာသာဝင် များသည် အစ္စလာမ် ဘာသာကို လက်ခံ၊ ယုံကြည်၊ ကိုးကွယ်ခြင်း အလျင်းမရှိသည့် အပြင် မိမိတို့ ဘာသာတရား၏ လုပ်ဆောင် မှုများသည် အစ္စလာမ်နှင့် လားလားမှ မသက်ဆိုင်ကြောင်း ဝန်ခံ ပြောဆို ကြပေသည်။ သို့တစေလည်း ကာဒီယာနီသည် မိမိတို့ ကာဖွရ် ဖြစ်ခြင်းကို ဝန်ခံဖော်ထုတ်ခြင်း မရှိသည့်အပြင် မိမိတို့ ကာဖိရ်ဖြစ်နေခြင်းကို မွတ်စလင်မ်ဟု သတ်မှတ်ကာ အမှန်စင်စစ် မွတ်စလင်မ် များကို ကာဖိရ်ဟု စွပ်စွဲပြောဆိုကြလေသည်။ နှစ်ဘဝခေါင်းဆောင် အလ္လာဟ်အသျှင်မြတ်၏ အချစ်တော် တမန်တော်မြတ်ကြီး ယူဆောင်လာသော သာသနာကို လိုက်နာကျင့်သုံးနေသော မွတ်စလင်မ်များကို ကာဖိရ်ဟု သမုတ်ပြီး ထိုနဗီတု အားလက်ခံယုံကြည် သူကိုသာလျှင် မွတ်စလင်မ်ဟု ဆိုသည်။ မည်သူခွင့်လွှတ်နိုင်အံနည်း ထိုနဗီတု၏ လုပ်ရပ် များနှင့် ပြောဆိုထားသည့် စကားရပ်များကို ၎င်း၏ လုပ်ဆောင်မှု့နှင့် ပြောဆိုမှုတို့သည် အထက်တွင်တင်ပြထား ပြီးဖြစ်သည့် ဝက်သားသည်၊ အရက်ရောင်းဝယ် ဖောက်ကားသူနှင့် တူပေသည်။ 
မိရ်ဇာဘရှီးရ်အဟ်မဒ် ရေးသား ပြုစုထားသော كلمة الفصل ص 110 ယင်းစာအုပ်တွင် ရေးသားထားသည်မှာ- ((အကြင် မည်သူမဆို တမန်တေ် မူစာ{အ.စ}ကို နဗီအဖြစ် လက်ခံပြီး တမန်တော်အီစာ{အ.စ}နဗီအဖြစ် လက်မခံခဲ့ပါမူ သို့တည်းမ မဟုတ် တမန်တော် အီစာ {အ.စ} ကိုနဗီအဖြစ် လက်ခံပြီး ကိုယ်တော်မြတ်ကြီး (ဆွ) အား နဗီအဖြစ် လက်မခံခဲ့ပါမူ၊ ၎င်းနောက် တမန်တော်မြတ်ကြီး (ဆွ) ကိုနဗီအဖြစ် ယုံကြည် လက်ခံ၍ မိရ်ဇာဂိုလာမ်အဟ်မဒ် (ကာဒီယာနီ)ကို နဗီအဖြစ် လက်မခံခဲ့ပါမူ ထိုသူသည် အစ္စလာမ်နှင့် လားလားမှ မသက်ဆိုင်သည့် အပြင် ဒွီဟမရှိ ကာဖိရ်ဖြစ်၏ )) စစ်မှန်သည့် အများမွတ်စလင်မ်များ ရှေ့မှောက်တွင် ထိုသူတို့၏ အကီဒါ ခံယူချက်တို့ ကိုပွင့်လင်းစွာ တင်ပြခြင်းမရှိသည့် အပြင် ကာဒီယာနီကို အိုလမာ သာသနာ့ပညာရှင်များက တစ်ဖတ်သက် မကောင်းပြောဆို နေကြသည်၊ နှိပ်ကွပ် နေကြသည် မွတ်စလင်မ်များကဲ့သို့ နမာဇ်ဝတ်ပြုသည် ကွာခြားချက် တစ်စုံတစ်ရာမရှိပဲ ကာဖရ်ဟု တစ်ညီတစ်ညွတ်ဆုံးဖျတ်ကြသည်ဟု သနားစရာကောင်းလှသည့် အသွင်သဏ္ဍ ဖော်ကျူး၍ တစ်ဖုံ ကူညီထောက်ပံ့၍ တစ်နည်းဖြင့် အွမ္မသ်အတွင်းရှိ အီမာန်ကို ဖျက်ဆီး နေကြပေသည်။ ဤကဲ့သို့သော ကာဒီယာနီများ ပေါပေါ်က်လာသည့် နေရာတိုင်းတွင် ခသ်မေနဗူဝသ် ဆိုသည့် ဂျမာအသ်တစ်ဖွဲ့ပေါပေါ်က်လာ ပေသည်။၎င်းဂျမာအသ်၏ ကြိုးပမ်းမှု့သည့် မဟုတ်မမှန် လိမ်ညာပြောဆိုပြီး အများမွတ်စလင်မ်များ၏ အီမာန် ကိုဖျက်ဆီးနေကြသည့် ကာဒီယာနီများကို အမြစ်ကလှန်၍ ချေမှုန်းရန် အတွက်သာ ဖြစ်သည်။ ယင်းဂျမာအသ်သည် ကမ္ဘာနှင့်အဝှမ်း ကာဒီယာနီ ပေါ်ထွန်းလာသည့် တိုင်းပြည်၊ မြို့နယ်၊ နေရာ၊ ဒေသတိုင်းတွင် ဖွဲ့စည်း၍ ချေမှုန်းလျှက်ရှိသည်။

ယာအလ္လာဟ် ကျွန်တော်များမြန်မာနိုင်ငံတွင် ခသ်မေနဗူဝသ် ဆိုသည့် ဂျမာအသ်တစ်ဖွဲ့ အမြန်ဆုံးပေါ်ပေါက် လာစေတော်မူပါ....အာမီန်း
မော်လာနာ ယူစွဖ် လုဒ်ယာနဝီ(ရဟေ့)၏ ဟောကြားထားသည့် တရားများအနက် အချို့ကို မြန်မာဘာသာ ပြန်၍ အများသူငှာ သိရှိစေရန် မျှဝေလိုက်ရပါသည်။

ပါကစ္စတန်နိုင်ငံရှိ သူတော်စဉ် တစ်ပါး၏ ထူးကဲသည့် ဖြစ်ရပ်မှန် တစ်ခု

ပါကစ္စတန်နိုင်ငံ ရိုင်ဝန် မရ်ကဇ် အနီး ဂျာမေအဟ် မဒနီယာဟ် (ဂျဒီးဒ်) အမည်ရှိ အစ္စလာမ့် အာရဗီ တက္ကသိုလ် ကျောင်းတော်ကြီး၏ ရှိုင်ခွလ်ဟဒီဆ် မော်လာနာ၊ မွဖ်သီ၊ ဟစန် ဆွာဟိဗ် ဒါမဒ် ဘရ်ကာသုဟုမွလ် အာလိယာဟ် သ္ခင်ကြီးသည် 21.2.2011 တွင် မရှ်ကားသ် အတန်းတွင် မရှ်ကားသ် ဟဒီဆ်၌ သင်ခန်းစာ အကီဒါဟ် ဟယာသွန်နဗီနှင့် စပ်လျှဉ်း၍ စတင် သင်ကြား ပို့ချရာမှ စ၍ ဆရာသ္ခင်ကြီး၏ လက်မှ အလွန် ထူးကဲသော အမွှေးရနံများ သင်းပျံ လာလေသည်။ ထိုအခါတွင် ကျောင်းသား အများသူငှာတို့မှာ သတိပြုမိ ကြပေသည်။ ဒုတိယနေ့ (22.2.2012) တွင်လည်း အမွှေးရနှံများ သင်းပြန့်နေရာ ဆရာသ္ခင်က ကျောင်းအုပ် ဆရာကြီး ထံမှ ခွင့်ပြုချက် ယူ၍ ကျောင်းတော်ကြီး၏ ဆရာသ္ခင်အားလုံး၊ ကျောင်းသား အားလုံးတို့ နှင့် ပြင်ပမှ ထိုသတင်းအား ကြားနာမိသည့် အတွက် လာရောက်သူ အားလုံးကိုပါ  မိမိလက်မှ သင်းပြန့်နေသည့် အမွှေး ရနှံများကို နမ်းရှိုက် စေခဲ့သည်။ ထိုအမွှေးရနှံ များကို ၎င်း ကျောင်းတော် ကြီးတွင် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား အချို့လည်း နမ်းရှိုက် ခွင့်ရရှိခဲ့သည်။ ဤသတင်းသည် နမ်းရှိုက်ခွင့် ရလိုက်သော မြန်မာနိုင်ငံ ကျောင်းသား များအနက် ကျောင်းသား တစ်ဦးမှ ပေးပို့ လာသော သတင်းဖြစ်သည်။

နာမဲဟ်ရာမ် အမျိုးသားနှင့်အမျိုးသမီး စလာမ်ပေးလာခဲ့ပါမူ

နာမဲဟ်ရာမ်အမျိုးသားနှင့်အမျိုးသမီးတစ်ဦးကိုတစ်ဦး စလာမ်ပေးလာခဲ့ပါမူ

ဝိညာဉ် ပိုင်းဆိုင်ရာ သမားတော်တစ်ဦး မွတ်စလင်(မ်)တိုင်းအတွက် အရေးကြီးပုံ


الحمدلله وكفى وسلام على عباده الذين اصفى امابعد اعوذ بالله من الرشيطان الرجيم –بسم الله الرحمن الرحيم والذين آمنوا اشدّ حباالله---
 وقال رسوال الله صلى الله عليه وسلم اللهم اجعل حبك احبّ الا شياء الىّ-الخ(الجامع الصغير ج1:ص59)
လူ့ လောကတွင် နေထိုင် နေကြသည့် လူးသားအပေါင်း အားလုံးတို့သည် ကိုယ်ခန္ဒာ နှင့် ပတ်သက်ပြီး ကျန်းမာရေး ထိခိုက်လာပါက မိမိတို့ ရောဂါ မိသားစု နှင့် အပ်စပ်သည့် ဆရာဝန် ပါရဂူ တစ်ယောက်အား အလျှင်အမြန် ရှာဖွေလေ့ ရှိကြပေသည်။ ထို့နောက် မိမိတို့ ခံစားနေရသည့် ရောဂါ အခြေအနေ အလုံးစုံ တို့ကို တစ်ခုမကျံ အသေးစိပ် တင်ပြလျှက် ရှိကြပေသည်။ ၎င်းနောက် မိမိတို့ ရွေးချယ်ထားသည့် ဒေါ်က်တာ ပါရဂူ ဆရာဝန်၏ ပေးထားသောဆေး ကိုအချိန် တိတိ ကြကြသောက်ခြင်း ထိုဆရာဝန်၏ မှာကြားထားသည့် ရှောင်ရန် ဆောင်ရန်များကို တိတိကြကြ လိုက်နာခြင်း စသည်တို့သည် မိမိတို့ ရောဂါများ ပျောက်ကင်း မည်ဟု ယူဆကြပြီး ပေးထားသည့် ဆေးနှင့် မှာကြားထားသည့် စကားများ ရှောင်ရန် နှင့် ဆောင်ရန်တို့ကို တိတိ ကြကြလိုက်နာ ကြသည်။ သို့သော ဆရာဝန် မှာကြားထားသည့် အတိုင်းနေထိုင်၍ ပေးထားသည့်အတိုင်း ဆေးများကို သောက်သုံး သော်လည်း မိမိတို့၏ ထူးခြားမှု့များကို ပြန်လည် တင်ဆက် ကြပေသည်။ ထိုနည်းအတိုင်း အမြန်ဆုံး ပျောက်ကင်းရန် နည်းမျိုးစုံတို့ဖြင့် ကြိုးစား အားထုပ် ကြပေသည်။ သို့တစ်စေလည်း လူသားတိုင်း၏ ဝိညာဉ်ပိုင်း ဆိုင်ရာ ရောဂါများသည် လောက၏ မည်သည့် ဒေါ်က်တာမှ စမ်းသပ်၍လည်း မရသလို နားလည်နိုင် ခြင်းလည်း မရှိပေ။

မုဆွီဘသ်နှင့်နိအ်မသ်



الحمدلله وكفى وسلام على عباده الذين اصفى امابعد اعوذ بالله من الرشيطان الرجيم –بسم الله الرحمن الرحيم والذين
مَا أَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللَّهِ وَمَا أَصَابَكَ مِنْ سَيِّئَةٍ فَمِنْ نَفْسِكَ وَأَرْسَلْنَاكَ لِلنَّاسِ رَسُولًا وَكَفَى بِاللَّهِ شَهِيدًا
မော်လာနာရူမီ (ရဟေ့) လူသားများ သံဝေကတရား ရရှိစေရန် အလို့ငှာ ဝါကေအဟ်တစ်ခု တင်ပြခဲ့သည်။ တစ်နေ့သောအခါ ချစ်သူနှင့် ဝေးကွာမှု့ကြောင့် ချစ်ချင်း ဝေဒနာကို ခံစား၍ အချစ်ရူးတစ်ယောက် ညနက် သံခေါင်ရံ အခါတွင် ဆံပင်များ ရှုတ်ပွပြီး ချစ်သူကို သတိရလွန်းလို့ ငိုကြွေး နေလေသည်။ ထိုအခါတွင် ပတ်တရောင် ညကင်းလှည့် သူတစ်ဦး ထိုမြို့တွင် သူခိုး ဒမြ စသည်တို့ များပြားသည့် အတွက် မြင်းစီး၍ ကင်းလှည့်လာသည်၊ ထိုအချိန်တွင် ၎င်းအချစ်ရူး၏ ငိုကြွေးမှုကို တွေ့မြင်၍ ပတ်တရောင်သည် သူခိုးတစ်ဦးဖြစ်မည်ဟုထင်မှတ်ခဲ့သည်။ ထိုကဲ့သို့ ငိုကြွေးနေခြင်းမှာ တစ်နေရာရာတွင် ခိုးရန် ကြံရွယ်နေသည်ဟု ထင်မှတ်ကာ ကျာပွတ်ဖြင့် စတင် ရိုက်နက်လေသည် ထိုအခါ အချစ်ရူးခင်ဗျာ ချစ်ချင်းဝေဒနာ ကိုခံစားနေရသည်က တစ်ဖုံ ကင်းသမား၏ အထင်လွဲမှု တို့ကြောင့် အရိုက်ခံနေရသည် ကတစ်မျိုးဖြင့် အလွန်ပင် စိတ်ဝေဒနာ ခံစားရရှာ၏ သို့သောငှာလည်း ထိုအချစ်ရူးမှာ ကင်းသမား၏ ရိုက်နက်မှု့တို့ကို ခံစားရခတ်ပြီး ဟစ်အော်၍ ထွက်ပြေး လေတော့သည်။ ထိုကဲ့သို့ ထွက်ပြေးနေသည့် နောက်မှ လိုက်၍ ကင်းသမားသည့် အစဉ်ဆက်မပြတ် ရိုက်နက်လျှက် ရှိပေသည်။ နောက်ဆုံးတွင် မြို့၏တံတိုင်းတစ်ခုပေါ်သို့ ခုံတက် လိုက်လေသည်။ ထိုတံတိုင်း၏ နောက်တွင် ပန်းဥယာဉ် တစ်ခုရှိသည် ထိုပန်းဥယာဉ်တွင် အချစ်ဝေဒနာ ခံစားနေရသူ၏ ချစ်သူကို တွေ့ရှိ သွားလေသည်။ ထိုစဉ် ပတ်တရောင် လှည့်ကင်းသမားကို အလွန်ပင် ကျေးဇူးတင်ရှိ သွားလေသည်။

မေးမြန်းသူများသိစေရန်

မိမိတို့ဘဝ ရှင်သန်မွေးမြူ ရာတွင် ဖြစ်ပေါ် လာသည့် အခက် အခဲများ ကြုံဆုံ လာသည့် ဒုက္ခများ နှင့် ရှုပ်ထွေး လာသော ပြဿနာ များအား တရားတော်မြတ် နှင့်အညီ ကျင့်သုံး ဖြေရှင်း ပေးနိုင်ရန် အတွက် ကျွန်တော်များ အင်(မ်)ဒါဒွလ် မွတ်(စ်)မီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာနရှိ ဓမ္မသတ် မှုးများနှင့် ရင်ဖွင့် ဆွေးနွှေး တိုပင် စေလိုပါသည်။ မိမိတို့ မေးမြန်းလို သည်တို့နှင့် ဆွေနွှေး တိုင်ပင်လိုသည့် အကြောင်း ကိစ္စရပ် တို့ကို ရှင်းလင်း ပြတ်သားစွာ ရေးသားပြီး i.m.m.o.f.2011@gmail.comသို့ အီးမေးလ်ပို့၍ မေးမြန်းနိုင်သည် ၊မေးလ်ပို့၍   မေးမြန်း ပြီးသည့် နောက်တွင် မေးခွန်း များအား အင်န်ယှာ အလ္လာဟ် ရက်အနည်း ငယ်အတွင်း အင်(မ်)ဒါဒွလ် မွတ်(စ်)လိမီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာန၏ လျှောက်လွှာ ပုံစံ အဖြေလွှာပေါ်တွင် အွန်လိုင်း ဓမ္မသတ် ဌာန၏ တံဆိပ်တုံး၊ ဖြေဆိုသူ နှင့် ထောက်ခံ အတည် ပြုထားသော မွဖ်သီချုပ် တစ်ယောက်၏ လက်မှတ်အလုံးစုံ တို့ဖြင့် ဓမ္မသတ်ဆုံးဖြတ် ချက်များကို နည်းနာ တကျ ပြန်လည် ဖြေဆိုပေးနေ ပါသည်၊ မေခွန်းတိုင်း၏ ဖြေလွှာများကို မေးလ်ဖြင့်သာ ပြန်လည် ပို့ပေးမည် ဖြစ်ကြောင်း ကိုပါ တပါးတည်း ပြောကြား လိုပါသည်။ 

မိတ်ဆတ်စကား

အစ္စလာမ် သာသနာဝင် အပေါင်း သာသနာတော်၏ လမ်းညွှန်ချက်များ အပေါ် တိကျ လွယ်ကူစွာ လိုက်နာကျင့်သုံးနိုင်ရန်နှင့် မိမိတို့၏ဘဝ ရှင်သန် မွေးမြူရာတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများ ကြုံဆုံလာသည့် ဒုက္ခများနှင့် ရှုပ်ထွေးလာသော ပြဿာနာများအား ရှရီအသ် တရားတော်မြတ်နှင့် အညီ ဖြေရှင်းပေးနိုင်ရန် အတွက် ကျွန်တော်များ အင်(မ်)ဒါဒွလ် မွတ်(စ်)လိမီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာနတစ်ခု ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထို့အတူ နိုင်ငံရပ်ခြားတွင် သွားရောက် လုပ်ကိုင် နေကြသော ညီအစ် ကိုမောင်နှမ များအား လွယ်ကူမှု့ ရရှိစေရန် ဆိုဒ်တွင် ဤဌာနလေးအား ထည့်သွင်းထား ခြင်းဖြစ်သည်။ (မည်သူ တစ်ဦး တစ်ယောက်ကို မျှ ဦးတည် ရည်ရွယ် တိုက်ခိုက် နေခြင်းမဟုတ်။)