الحمدلله وكفى وسلام على عباده الذين اصفى امابعد اعوذ بالله من الرشيطان الرجيم –بسم الله الرحمن الرحيم والذين
مَا أَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللَّهِ وَمَا أَصَابَكَ مِنْ سَيِّئَةٍ فَمِنْ نَفْسِكَ وَأَرْسَلْنَاكَ لِلنَّاسِ رَسُولًا وَكَفَى بِاللَّهِ شَهِيدًا
မော်လာနာရူမီ (ရဟေ့) လူသားများ သံဝေကတရား ရရှိစေရန် အလို့ငှာ ဝါကေအဟ်တစ်ခု တင်ပြခဲ့သည်။ တစ်နေ့သောအခါ ချစ်သူနှင့် ဝေးကွာမှု့ကြောင့် ချစ်ချင်း ဝေဒနာကို ခံစား၍ အချစ်ရူးတစ်ယောက် ညနက် သံခေါင်ရံ အခါတွင် ဆံပင်များ ရှုတ်ပွပြီး ချစ်သူကို သတိရလွန်းလို့ ငိုကြွေး နေလေသည်။ ထိုအခါတွင် ပတ်တရောင် ညကင်းလှည့် သူတစ်ဦး ထိုမြို့တွင် သူခိုး ဒမြ စသည်တို့ များပြားသည့် အတွက် မြင်းစီး၍ ကင်းလှည့်လာသည်၊ ထိုအချိန်တွင် ၎င်းအချစ်ရူး၏ ငိုကြွေးမှုကို တွေ့မြင်၍ ပတ်တရောင်သည် သူခိုးတစ်ဦးဖြစ်မည်ဟုထင်မှတ်ခဲ့သည်။ ထိုကဲ့သို့ ငိုကြွေးနေခြင်းမှာ တစ်နေရာရာတွင် ခိုးရန် ကြံရွယ်နေသည်ဟု ထင်မှတ်ကာ ကျာပွတ်ဖြင့် စတင် ရိုက်နက်လေသည် ထိုအခါ အချစ်ရူးခင်ဗျာ ချစ်ချင်းဝေဒနာ ကိုခံစားနေရသည်က တစ်ဖုံ ကင်းသမား၏ အထင်လွဲမှု တို့ကြောင့် အရိုက်ခံနေရသည် ကတစ်မျိုးဖြင့် အလွန်ပင် စိတ်ဝေဒနာ ခံစားရရှာ၏ သို့သောငှာလည်း ထိုအချစ်ရူးမှာ ကင်းသမား၏ ရိုက်နက်မှု့တို့ကို ခံစားရခတ်ပြီး ဟစ်အော်၍ ထွက်ပြေး လေတော့သည်။ ထိုကဲ့သို့ ထွက်ပြေးနေသည့် နောက်မှ လိုက်၍ ကင်းသမားသည့် အစဉ်ဆက်မပြတ် ရိုက်နက်လျှက် ရှိပေသည်။ နောက်ဆုံးတွင် မြို့၏တံတိုင်းတစ်ခုပေါ်သို့ ခုံတက် လိုက်လေသည်။ ထိုတံတိုင်း၏ နောက်တွင် ပန်းဥယာဉ် တစ်ခုရှိသည် ထိုပန်းဥယာဉ်တွင် အချစ်ဝေဒနာ ခံစားနေရသူ၏ ချစ်သူကို တွေ့ရှိ သွားလေသည်။ ထိုစဉ် ပတ်တရောင် လှည့်ကင်းသမားကို အလွန်ပင် ကျေးဇူးတင်ရှိ သွားလေသည်။
ထိုကင်းသမား၏ ကျာပွက် ဒဏ်ကို မခံစားနိုင်လွန်းသဖြင့် လွတ်ကင်းလိုသည့် သဘောဖြင့် ထွက်ပြေး လေသည်။ သို့သော် ၎င်းကျာပွက်၏ ကျေးဇူးကြောင့် အချစ် ဝေဒနာ ခံစားနေရသူသည် သူ့ချစ်သူနှင့် ကြုံဆုံ သွားလေသည်။ အမှန်စင်စစ် ကျာပွက်နှင့် ရိုက်နက်ခြင်းမှာ အမှန်တစ်ကယ် ထိုသူအတွက် မုဆွီဘသ် (ဒုက္ခ) မဟုတ်ပေ သူ့၏ ချစ်သူနှင့် တွေ့ဆုံစေရန် လမ်းစတစ်ခုဟု အချစ်ဝေဒနာ ခံစားနေရသူတိုင်း လက်ခံ အတည်ပြုကြ ပေမည်။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ရံဖန်ရံခါတွင် လူသားအား ဖန်ဆင်းရှင် နှင့် နီးစပ်ရန် လူသားအား အချို့သော စမ်းသပ်မှု့များ ချီးမြင့် လေသည် ထိုကဲ့သို့သော စမ်းသပ်မှု့များ ဆိုက်ရောက် လာသည်နှင့် အမျှ လူသားသည် အလ္လာဟ်အရှင် မြတ်ထံပါးတွင် ငိုကြွေးခြင်း ရင်ဖွင့် တင်ပြခြင်း စဂ်ျဒဟ်များ အစထပ်တန်းဖိုး ပိုမို၍ ပြုလုပ်လာလေသည်။ ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ် ထံပါးတွင် လိုအင် ဆန္ဒ ဟူသရွေ့ကို တင်လျှောက်ခြင်း ရင်ဖွင့် တင်ဆက်ခြင်း စသည့် ကိစ္စရပ် များသည့် အလ္လာဟ် အရှင်မြတ်၏ အချစ်တော် ဖြစ်ရန် သော်လည်းကောင်း လိုအင် ဆန္ဒ ဟူသရွေ့ တို့ကို ဖြည့်စီးပေးရန် အကြောင်းခံ တစ်ခု ဖြစ်သည်။ လူသားတို့ ဒုက္ခဆင်းရဲ သောကအဖျာဖျာ ဆိုက်ရောက်နေချိန်၏ အစကနဦးတွင် အလွန်အပင်း ခယ ရို့ကျိုးစွာ အလ္လာဟ် ဟို့အရှင်မြတ်ထံမှ မိမိတို့ လိုအင် ဆန္ဒများကို တောင်ခံ လျှက်ရှိကြ ပေသည်။ ထိုကဲ့သို့ ကိုယ် စိတ် နှလုံးသုံးပါးစလုံး တို့ဖြင့် တောင်းခံ သမှု့ပြုခြင်းကို အလ္လာဟ် အရှင်မြတ် အလွန် နှစ်သက်တော်မူပြီး တောင်းဆု တိုင်းကို လက်ခံလေ့ရှိသည်။ ဤသို့ ဖန်ဆင်းရှင် နှစ်သက်မှု့ ပျော်ရွှင်မှု များကို ရှိုင်သွာန် မိဆ္တာမှာ လွန်စွာ ဆုံးရှုံးမှု့ များနှင့် ရင်ဆိုင် ရသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် လူသားတို့၏ အတွေးအခေါ်များတွင် ဖျတ်ဆီးမှုများ စတင် ကိန်းအောင် စေရန် အစွမ်းကုန် ကြိုးစား ပေတော့သည်။ ရှိုင်သွာန် ၏ဖျတ်ဆီးမှု့ အချို့…… ၁။ (ငါလို အပြစ်ဂိုနာတွေနဲ့ နှစ်မွန်းနေသူ တစ်ဦးရဲ့ ဒိုအာတွေကို ဘယ်လို လုပ်ပြီး အလ္လာဟ် အရှင်မြတ်က လက်ခံပါ့ မလဲ) ၂။ (ငါ ဒီလောက် တောင်းခံသမှု ပြုနေတာတောင် ငါ့ရဲ့ လိုအင်ဆန္ဒတွေက မပြည့်ဝ ပါ့လား) စသည့် အတွေး အခေါ်များ ပေါ်ပေါက်လာ ကြပေသည်။ ဤသည် ရှိုင်သွာန်၏ အတွေး အခေါ် များသာ ဖြစ်သည်။ ရှင်းလင်းချက် နှင့်ကွ အထောက်အထား …….ပထမ ဦးဆုံး အတွေး အခေါ် ပေါ်ပေါ်က် လာသူတိုင်း သိထား သင့်သည်မှာ ကျမ်းတော်မြတ် ကုရ်အာန်တွင် အလ္လာဟ် အရှင်မြတ် အမိန့်ရှိထား ပေသည်။ (لاتقنطوامن الرحمة الله) ငါအရှင်မြတ်၏ ရှာနေ ရဟ်မသ် ခေါ် ရဟ်မသ် တော်အား မျှော်လင့်ချက် ကင်းမဲ့ သမှုမပြုလေနှင့် ဆိုလိုသည်မှာ မည်မျှပင် ဆိုးသွမ်းသူ အပြစ်ဂိုနာ များသူကိုမဆို အလ္လာဟ်အရှင်မြတ် ဘက်တော်မှ သတင်းကောင်း ပေးနေလေသည်။ အဓိက အရေးအကြီးဆုံးမှာ သောင်ဗါ ဖြစ်သည်။ ان الله يحب التوابين)) ကျမ်းတော်မြတ် ကုရ်အာန်တွင် အလ္လာဟ် အရှင်မြတ် အမိန့်ရှိ ထားသည်မှာ သောဗာ ပြုသောသူတို့အား ငါအရှင် နှစ်သက်တော် မူ၏ ပြောဆိုလိုသည့် သဘောတရားမှာ မည်သူ မဆို မိမိ၏ အမှားများ အပေါ် သောင်ဗာ ပြုပါ ပြီးနောက် မိမိ လိုအင် ဆန္ဒများကို စိတ်ရော ကိုယ်ပါ မိမိတို့၏ လိုအင် ဆန္ဒ များကို တောင်းခံ မည်ဆိုပါက မုချဧကံ အလ္လာဟ် အရှင်မြတ် လက်ခံ အတည် ပြုမည် ဖြစ်သည်။ လူသားတို့၏ တောင်းခံ နေသော ဒိုအာ တိုင်းအား လက်ခံ နေသည့် ပုံစံအမျိုးမျိုး တို့ကို ဆတ်လက် တင်ပြရန် ရှိသည်။ အင်န်ယှာ အလ္လာဟ် မျော်……