ကျွန်တော်များ အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်) ဟု ကင်ပွန်းတပ်ထားသော အွန်လိုင်းဝဘ်ဆိုဒ်တစ်ခု၏ လုပ်ဆောင်ချက်များမှာ.....
  • ဆိုဒ်တွင် အများသူငှာ ဖတ်ရှု့လေ့လာ /ဒေါင်းလုဒ်ပြုလုပ်နိုင်ရန်အတွက် ဘာသာရေးစာအုပ်များ (အာရဗီ၊အုရ်ဒူ၊မြန်မာ၊အင်္ဂလိပ်) အား တင်ပေးသွားမည်ဖြစ်ပါသည်။
  • ဤဆိုဒ်တွင် ခိုင်လုံသည့် ကျမ်းအကိုးအကားများနှင့် တကွ ပို့စ်၊ ဆောင်းပါးများအား စဉ်ဆက်မပြတ် တင်ဆက်ပေးသွားပါမည်။ မည်သူမဆို ခိုင်လုံသည့် ကျမ်းအကိုးအကားများနှင့် တကွ ဘာသာရေးပို့စ်၊ ဆောင်းပါးများရေး၍ ကျွန်တော်များ အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်) သို့ပို့်ပေးပါမူ ၎င်းတို့၏ ပို့စ်၊ ဆောင်းပါးများကိုဆိုဒ်တွင် အစီစဉ်တကျ တင်ဆက်ပေးမည့်အပြင် (အင်န်ရှာအလ္လာဟ်) ၎င်းတို့၏ပို့စ်၊ ဆောင်းပါးနှင့်တကွ ကျွန်တော်များ ဆိုဒ်တွင် တင်ထားသည့် ပို့စ်၊ ဆောင်းပါးများကို ရွေးချယ်၍ လစဉ်ထုတ်စာစောင်အဖြစ် စာအုပ်ထုတ်ဝေရန် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ (ပေးပို့သူ၏ အမည် / ကလောင်အမည် များဖြင့် တင်ဆက်ပေးမည်ဖြစ်ပါသည်။)
မှတ်ချက်။ ကျန်းအကိုးအကားနှင့် စာမျက်နှာအမှတ်စဉ်၊ (ကူးယူတင်ပြထားပါက) ကျမ်းပြုစုသူ၏ အမည်နာမနှင့် စာအုပ်၏အမည်ကို ပြည့်ပြည့်ဝဝ တင်သွင်းပေးရမည်။