ကျွန်တော်များ အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်) ဟု ကင်ပွန်းတပ်ထားသော အွန်လိုင်းဝဘ်ဆိုဒ်တစ်ခု၏ လုပ်ဆောင်ချက်များမှာ.....
  • ဆိုဒ်တွင် အများသူငှာ ဖတ်ရှု့လေ့လာ /ဒေါင်းလုဒ်ပြုလုပ်နိုင်ရန်အတွက် ဘာသာရေးစာအုပ်များ (အာရဗီ၊အုရ်ဒူ၊မြန်မာ၊အင်္ဂလိပ်) အား တင်ပေးသွားမည်ဖြစ်ပါသည်။
  • ဤဆိုဒ်တွင် ခိုင်လုံသည့် ကျမ်းအကိုးအကားများနှင့် တကွ ပို့စ်၊ ဆောင်းပါးများအား စဉ်ဆက်မပြတ် တင်ဆက်ပေးသွားပါမည်။ မည်သူမဆို ခိုင်လုံသည့် ကျမ်းအကိုးအကားများနှင့် တကွ ဘာသာရေးပို့စ်၊ ဆောင်းပါးများရေး၍ ကျွန်တော်များ အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်) သို့ပို့်ပေးပါမူ ၎င်းတို့၏ ပို့စ်၊ ဆောင်းပါးများကိုဆိုဒ်တွင် အစီစဉ်တကျ တင်ဆက်ပေးမည့်အပြင် (အင်န်ရှာအလ္လာဟ်) ၎င်းတို့၏ပို့စ်၊ ဆောင်းပါးနှင့်တကွ ကျွန်တော်များ ဆိုဒ်တွင် တင်ထားသည့် ပို့စ်၊ ဆောင်းပါးများကို ရွေးချယ်၍ လစဉ်ထုတ်စာစောင်အဖြစ် စာအုပ်ထုတ်ဝေရန် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။ (ပေးပို့သူ၏ အမည် / ကလောင်အမည် များဖြင့် တင်ဆက်ပေးမည်ဖြစ်ပါသည်။)
မှတ်ချက်။ ကျန်းအကိုးအကားနှင့် စာမျက်နှာအမှတ်စဉ်၊ (ကူးယူတင်ပြထားပါက) ကျမ်းပြုစုသူ၏ အမည်နာမနှင့် စာအုပ်၏အမည်ကို ပြည့်ပြည့်ဝဝ တင်သွင်းပေးရမည်။
  • ဆိုဒ်တွင် သာသနာ့ပညာရှင်ကြီးများ၏ ဟောကြားထားသော တရားဓမ္မများကိုလည်း အစီအစဉ်တကျ တင်ဆက်ပေးသွားမည် ဖြစ်သည်။ သို့ပါ၍ မည်သူမဆို မိမိတို့လမ်းလှမ်းမှီသလောက် တရားခွေများအား ကျွန်တော်များထံသို့ ပေးပို့ပေးနိုင်ပါသည်။ ပေးပို့ထားသော တရားခွေများကို စီနေရာအလိုက် နေရာချထားကာ ဆိုဒ်နှင့် အွန်လိုင်းရှိ Upload လုပ်နိုင်သည့် နေရာများတွင် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
မှတ်ချက်။ တရားခွေများနှင့် စပ်လျဉ်း၍ တရားဟောကြားထားသည့် ဆရာသမားများက အွန်လိုင်းတွင် ဝေငှခြင်းကို ကြည်ဖြူစွာ လက်ခံအတည်ပြုမှသာ ကျွန်တော်များဆိုဒ်မှ တင်ဆက်ပေးမည်ဖြစ်သည်။
  • ဆိုဒ်တွင် မြန်မာနိုင်ငံရှိ စစ်မှန်သည့် သာသနာ့ အာရဗီ တက္ကသိုလ်များ၏ သမိုင်းအကျဉ်းချုပ် များကိုလည်း တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ မည်သူမဆို မိမိတို့လက်လှမ်းမှီသလောက် သာသနာ့ တက္ကသိုလ်များ၏ သမိုင်းတို့အား ဆိုဒ်သို့ပေးပို့နိုင်ပါသည်။
မှတ်ချက်။ ဤဆိုဒ်တွင် ကျောင်းတာဝန်ခံများ သို့မဟုတ် ကျောင်းအုပ်ဆရာကြီး၏ ခွင့်ပြုချက်ပါရှိမှသာလျှင် ထိုကျောင်းတော်နှင့်ပါတ်သတ်သော သမိုင်း၊အကြောင်းအရာ စသည်တို့ကို တင်ဆတ်ပေးမည်ဖြစ်သည်။
  • ဆိုဒ်တွင် အွန်လိုင်း ဓမ္မသတ်ဌာနတစ်ခုနှင့် မုနာဇွရဟ်(ဆွေးနွေးရန်) အခန်းကဏ္ဍ အသီးသီးတို့ကိုလည်း ထည့်သွင်းပေးထားမည် ဖြစ်ပါသည်။
မှတ်ချက်။ မုနာဇွရဟ်လုပ်ရာတွင် ခိုင်လုံသောအထောက်ထား မပါလျှင်သော်လည်းကောင်း၊ ရိုင်းပြပြောဆိုလာလျှင်သော်လည်းကောင်း မည်သည့်အကြောင်းအရာကိုမျှ လက်ခံဖြေကြား၊ စဉ်းစားပေး မည်မဟုတ်။
  • ထို့အပြင် မြန်မာနိုင်ငံ၏ အစ္စလာမ်သာသနာ့ သတင်းများနှင့် နိုင်ငံရပ်ခြားတွင် ဖြစ်ပျက်နေသည့် သနာ့သိကောင်းစရာ သတင်းအကျဉ်းချုပ်ကို လက်လှမ်းမှီသလောက် တင်ပြပေးသွားမည် ဖြစ်သည်။
အချုပ်ဆိုရသော် အင်တာနက်ပေါ်တွင် ဘာသာရေးကို အလွယ်တကူလေ့လာနိုင်ရန်၊ အစ္စလာမ်သာသနာ ကွန့်မြူးပြန့်ပွားစေရန်.... စသည့် ရည်ရွယ်ချက်များဖြင့် အင်(မ်)ဒါဒွလ်မွတ်(စ်)လိမီး(န်)ဆိုဒ်လေးအား ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ဤဆိုဒ်လေး ဖြစ်မြောက်ရန်အတွက် ဒုက္ခ အခက်အခဲ ပေါင်းစုံတို့ကို ဖြေရှင်းပေးပြီး ကိုယ်ကျိုးမကြည့်ပဲ စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးခဲ့သည့် မော်လဝီဘရှီရွလ္လာ{မေမြို့} ဖာရိုကီ-ကရာချီကို အလ္လာဟ်အရှင် နှစ်ဘဝနှစ်ဌာနတွင် ကောင်းမွန်သောအစားများ ချီးမြှင့်တော်မူပါစေ။ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စီပွားရေး၊ သားရေးသ္မီးရေးနှင့် အရေးဟူသရွေ့တို့တွင် ဗရ်ကသ်၊ ရဟ်မသ် အပေါင်းချီးမြှင့်တော်မူပါစေ။ (အာမီန်း) ထို့အတူ မော်လနာ မွဖ်သီ ရှဖီအွလ္လာ{မြစ်ကြီးနား} မော်လဝီဟိုဇိုင်ဖွာဟ်၊ မော်လဝီ အွဆ်မာန်း {မော်လမြိုင်} တို့နှင့် အဖက်ဖက်မှ ကူညီပေးခဲ့ကြသော မိတ်ဆွေသူငယ်ချင်းတို့အားလည်း ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စီပွားရေး၊ သားရေးသ္မီးရေးနှင့် အရေးဟူသရွေ့ တို့တွင် ဗရ်ကသ်၊ ရဟ်မသ် အပေါင်းချီးမြှင့်တော်မူပါစေ။ (အာမီန်း)