Home » March 2012
ပါကစ္စတန်နိုင်ငံရှိ သူတော်စဉ် တစ်ပါး၏ ထူးကဲသည့် ဖြစ်ရပ်မှန် တစ်ခု

ပါကစ္စတန်နိုင်ငံ ရိုင်ဝန် မရ်ကဇ် အနီး ဂျာမေအဟ် မဒနီယာဟ် (ဂျဒီးဒ်) အမည်ရှိ အစ္စလာမ့် အာရဗီ တက္ကသိုလ် ကျောင်းတော်ကြီး၏ ရှိုင်ခွလ်ဟဒီဆ် မော်လာနာ၊ မွဖ်သီ၊ ဟစန် ဆွာဟိဗ် ဒါမဒ် ဘရ်ကာသုဟုမွလ် အာလိယာဟ် သ္ခင်ကြီးသည် 21.2.2011 တွင် မရှ်ကားသ် အတန်းတွင် မရှ်ကားသ် ဟဒီဆ်၌ သင်ခန်းစာ အကီဒါဟ် ဟယာသွန်နဗီနှင့် စပ်လျှဉ်း၍ စတင် သင်ကြား ပို့ချရာမှ စ၍ ဆရာသ္ခင်ကြီး၏ လက်မှ အလွန် ထူးကဲသော အမွှေးရနံများ သင်းပျံ လာလေသည်။ ထိုအခါတွင် ကျောင်းသား အများသူငှာတို့မှာ သတိပြုမိ ကြပေသည်။ ဒုတိယနေ့ (22.2.2012) တွင်လည်း အမွှေးရနှံများ သင်းပြန့်နေရာ ဆရာသ္ခင်က ကျောင်းအုပ် ဆရာကြီး ထံမှ ခွင့်ပြုချက် ယူ၍ ကျောင်းတော်ကြီး၏ ဆရာသ္ခင်အားလုံး၊ ကျောင်းသား အားလုံးတို့ နှင့် ပြင်ပမှ ထိုသတင်းအား ကြားနာမိသည့် အတွက် လာရောက်သူ အားလုံးကိုပါ  မိမိလက်မှ သင်းပြန့်နေသည့် အမွှေး ရနှံများကို နမ်းရှိုက် စေခဲ့သည်။ ထိုအမွှေးရနှံ များကို ၎င်း ကျောင်းတော် ကြီးတွင် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား အချို့လည်း နမ်းရှိုက် ခွင့်ရရှိခဲ့သည်။ ဤသတင်းသည် နမ်းရှိုက်ခွင့် ရလိုက်သော မြန်မာနိုင်ငံ ကျောင်းသား များအနက် ကျောင်းသား တစ်ဦးမှ ပေးပို့ လာသော သတင်းဖြစ်သည်။

နာမဲဟ်ရာမ် အမျိုးသားနှင့်အမျိုးသမီး စလာမ်ပေးလာခဲ့ပါမူ

နာမဲဟ်ရာမ်အမျိုးသားနှင့်အမျိုးသမီးတစ်ဦးကိုတစ်ဦး စလာမ်ပေးလာခဲ့ပါမူ

ဝိညာဉ် ပိုင်းဆိုင်ရာ သမားတော်တစ်ဦး မွတ်စလင်(မ်)တိုင်းအတွက် အရေးကြီးပုံ


الحمدلله وكفى وسلام على عباده الذين اصفى امابعد اعوذ بالله من الرشيطان الرجيم –بسم الله الرحمن الرحيم والذين آمنوا اشدّ حباالله---
 وقال رسوال الله صلى الله عليه وسلم اللهم اجعل حبك احبّ الا شياء الىّ-الخ(الجامع الصغير ج1:ص59)
လူ့ လောကတွင် နေထိုင် နေကြသည့် လူးသားအပေါင်း အားလုံးတို့သည် ကိုယ်ခန္ဒာ နှင့် ပတ်သက်ပြီး ကျန်းမာရေး ထိခိုက်လာပါက မိမိတို့ ရောဂါ မိသားစု နှင့် အပ်စပ်သည့် ဆရာဝန် ပါရဂူ တစ်ယောက်အား အလျှင်အမြန် ရှာဖွေလေ့ ရှိကြပေသည်။ ထို့နောက် မိမိတို့ ခံစားနေရသည့် ရောဂါ အခြေအနေ အလုံးစုံ တို့ကို တစ်ခုမကျံ အသေးစိပ် တင်ပြလျှက် ရှိကြပေသည်။ ၎င်းနောက် မိမိတို့ ရွေးချယ်ထားသည့် ဒေါ်က်တာ ပါရဂူ ဆရာဝန်၏ ပေးထားသောဆေး ကိုအချိန် တိတိ ကြကြသောက်ခြင်း ထိုဆရာဝန်၏ မှာကြားထားသည့် ရှောင်ရန် ဆောင်ရန်များကို တိတိကြကြ လိုက်နာခြင်း စသည်တို့သည် မိမိတို့ ရောဂါများ ပျောက်ကင်း မည်ဟု ယူဆကြပြီး ပေးထားသည့် ဆေးနှင့် မှာကြားထားသည့် စကားများ ရှောင်ရန် နှင့် ဆောင်ရန်တို့ကို တိတိ ကြကြလိုက်နာ ကြသည်။ သို့သော ဆရာဝန် မှာကြားထားသည့် အတိုင်းနေထိုင်၍ ပေးထားသည့်အတိုင်း ဆေးများကို သောက်သုံး သော်လည်း မိမိတို့၏ ထူးခြားမှု့များကို ပြန်လည် တင်ဆက် ကြပေသည်။ ထိုနည်းအတိုင်း အမြန်ဆုံး ပျောက်ကင်းရန် နည်းမျိုးစုံတို့ဖြင့် ကြိုးစား အားထုပ် ကြပေသည်။ သို့တစ်စေလည်း လူသားတိုင်း၏ ဝိညာဉ်ပိုင်း ဆိုင်ရာ ရောဂါများသည် လောက၏ မည်သည့် ဒေါ်က်တာမှ စမ်းသပ်၍လည်း မရသလို နားလည်နိုင် ခြင်းလည်း မရှိပေ။

မုဆွီဘသ်နှင့်နိအ်မသ်



الحمدلله وكفى وسلام على عباده الذين اصفى امابعد اعوذ بالله من الرشيطان الرجيم –بسم الله الرحمن الرحيم والذين
مَا أَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللَّهِ وَمَا أَصَابَكَ مِنْ سَيِّئَةٍ فَمِنْ نَفْسِكَ وَأَرْسَلْنَاكَ لِلنَّاسِ رَسُولًا وَكَفَى بِاللَّهِ شَهِيدًا
မော်လာနာရူမီ (ရဟေ့) လူသားများ သံဝေကတရား ရရှိစေရန် အလို့ငှာ ဝါကေအဟ်တစ်ခု တင်ပြခဲ့သည်။ တစ်နေ့သောအခါ ချစ်သူနှင့် ဝေးကွာမှု့ကြောင့် ချစ်ချင်း ဝေဒနာကို ခံစား၍ အချစ်ရူးတစ်ယောက် ညနက် သံခေါင်ရံ အခါတွင် ဆံပင်များ ရှုတ်ပွပြီး ချစ်သူကို သတိရလွန်းလို့ ငိုကြွေး နေလေသည်။ ထိုအခါတွင် ပတ်တရောင် ညကင်းလှည့် သူတစ်ဦး ထိုမြို့တွင် သူခိုး ဒမြ စသည်တို့ များပြားသည့် အတွက် မြင်းစီး၍ ကင်းလှည့်လာသည်၊ ထိုအချိန်တွင် ၎င်းအချစ်ရူး၏ ငိုကြွေးမှုကို တွေ့မြင်၍ ပတ်တရောင်သည် သူခိုးတစ်ဦးဖြစ်မည်ဟုထင်မှတ်ခဲ့သည်။ ထိုကဲ့သို့ ငိုကြွေးနေခြင်းမှာ တစ်နေရာရာတွင် ခိုးရန် ကြံရွယ်နေသည်ဟု ထင်မှတ်ကာ ကျာပွတ်ဖြင့် စတင် ရိုက်နက်လေသည် ထိုအခါ အချစ်ရူးခင်ဗျာ ချစ်ချင်းဝေဒနာ ကိုခံစားနေရသည်က တစ်ဖုံ ကင်းသမား၏ အထင်လွဲမှု တို့ကြောင့် အရိုက်ခံနေရသည် ကတစ်မျိုးဖြင့် အလွန်ပင် စိတ်ဝေဒနာ ခံစားရရှာ၏ သို့သောငှာလည်း ထိုအချစ်ရူးမှာ ကင်းသမား၏ ရိုက်နက်မှု့တို့ကို ခံစားရခတ်ပြီး ဟစ်အော်၍ ထွက်ပြေး လေတော့သည်။ ထိုကဲ့သို့ ထွက်ပြေးနေသည့် နောက်မှ လိုက်၍ ကင်းသမားသည့် အစဉ်ဆက်မပြတ် ရိုက်နက်လျှက် ရှိပေသည်။ နောက်ဆုံးတွင် မြို့၏တံတိုင်းတစ်ခုပေါ်သို့ ခုံတက် လိုက်လေသည်။ ထိုတံတိုင်း၏ နောက်တွင် ပန်းဥယာဉ် တစ်ခုရှိသည် ထိုပန်းဥယာဉ်တွင် အချစ်ဝေဒနာ ခံစားနေရသူ၏ ချစ်သူကို တွေ့ရှိ သွားလေသည်။ ထိုစဉ် ပတ်တရောင် လှည့်ကင်းသမားကို အလွန်ပင် ကျေးဇူးတင်ရှိ သွားလေသည်။