الحمدلله وكفى وسلام على عباده الذين اصفى امابعد اعوذ بالله من الرشيطان الرجيم –بسم الله الرحمن الرحيم والذين آمنوا اشدّ حباالله---
 وقال رسوال الله صلى الله عليه وسلم اللهم اجعل حبك احبّ الا شياء الىّ-الخ(الجامع الصغير ج1:ص59)
လူ့ လောကတွင် နေထိုင် နေကြသည့် လူးသားအပေါင်း အားလုံးတို့သည် ကိုယ်ခန္ဒာ နှင့် ပတ်သက်ပြီး ကျန်းမာရေး ထိခိုက်လာပါက မိမိတို့ ရောဂါ မိသားစု နှင့် အပ်စပ်သည့် ဆရာဝန် ပါရဂူ တစ်ယောက်အား အလျှင်အမြန် ရှာဖွေလေ့ ရှိကြပေသည်။ ထို့နောက် မိမိတို့ ခံစားနေရသည့် ရောဂါ အခြေအနေ အလုံးစုံ တို့ကို တစ်ခုမကျံ အသေးစိပ် တင်ပြလျှက် ရှိကြပေသည်။ ၎င်းနောက် မိမိတို့ ရွေးချယ်ထားသည့် ဒေါ်က်တာ ပါရဂူ ဆရာဝန်၏ ပေးထားသောဆေး ကိုအချိန် တိတိ ကြကြသောက်ခြင်း ထိုဆရာဝန်၏ မှာကြားထားသည့် ရှောင်ရန် ဆောင်ရန်များကို တိတိကြကြ လိုက်နာခြင်း စသည်တို့သည် မိမိတို့ ရောဂါများ ပျောက်ကင်း မည်ဟု ယူဆကြပြီး ပေးထားသည့် ဆေးနှင့် မှာကြားထားသည့် စကားများ ရှောင်ရန် နှင့် ဆောင်ရန်တို့ကို တိတိ ကြကြလိုက်နာ ကြသည်။ သို့သော ဆရာဝန် မှာကြားထားသည့် အတိုင်းနေထိုင်၍ ပေးထားသည့်အတိုင်း ဆေးများကို သောက်သုံး သော်လည်း မိမိတို့၏ ထူးခြားမှု့များကို ပြန်လည် တင်ဆက် ကြပေသည်။ ထိုနည်းအတိုင်း အမြန်ဆုံး ပျောက်ကင်းရန် နည်းမျိုးစုံတို့ဖြင့် ကြိုးစား အားထုပ် ကြပေသည်။ သို့တစ်စေလည်း လူသားတိုင်း၏ ဝိညာဉ်ပိုင်း ဆိုင်ရာ ရောဂါများသည် လောက၏ မည်သည့် ဒေါ်က်တာမှ စမ်းသပ်၍လည်း မရသလို နားလည်နိုင် ခြင်းလည်း မရှိပေ။
အဘယ့်ကြောင့် ဆိုသော လူသားတို့၏နှလုံး အားနည်းနေလျှက် ရှိပါက ဆရာဝန်အနေနှင့် စမ်းသက်နိုင် လိမ့်မည် ထိုနှလုံးသား အတွင်း ကိန်းအောင်း နေသည့် ဒေါသ လောဘ မောဟ မာန စသည့် ရောဂါဆိုး များကို လေ့လာစမ်းသက် ပေးနေသည့် လောက၏ ဆရာဝန်များအနက် တစ်ဦး တစ်ယောက်ကို မြင်တွေ့ခဲ့ဖူး ပါသလား။ ထိုကဲ့သို့ စမ်းသက် မရသည့် ရောဂါဆိုးများကို ကုသပေးနိုင်သည့် သမားတော်များသည် အစ္စလာမ် သာသနာတော်တွင် ရှိပေသည်။ ၎င်းတို့သည် ကုရ်အာန် ဟဒီဆ် တော်များနှင့် အညီ အွမ္မသ်တို့၏ ရောဂါဆိုးများကို ကုသပေးလျှက်ရှိသည်။ ထိုပုဂိုလ်များသည် မိမိတို့၏ သက်တမ်းတွင် ဝိညာဉ်ပိုင်း ဆိုင်ရာ ကုသထားသည့် သမားတော် ကြီးများထံတွင် ကာလအချို့ စွန့်လှုထားပြီး မိမိတို့၏ ဘဝသက်တမ်းကို သာသနာတော် နှင့် အညီနေထိုင်နေ စေရန်နှင့် မိမိ၏ စိတ်နှလုံးသား ကိုပါ အမိန့် နာခံတက်စေရန် နှလုံးသားအတွင်း အဖန်ဆင်းခံများကို ထုပ်၍ ဖန်းဆင်းရှင်ကို ထည့်သွင်းနည်း အစုံတို့ကို မိမိတို့၏ ရှိုင်ခ်များထံမှ အသေးစိပ် သင်ယူခဲ့သည်။ ထိုကဲ့သို့သော ရှိုင်းခ် များထံတွင် မိမိတို့၏ သက်တမ်းကိုပုံအပ်၍ လုပ်ငန်းတိုင်းကို မိမိ၏ ရှိုင်ခ်နှင့်တိုင်ပင်ပြီး ၎င်းရှိုင်ခ်အမိန့်ရှိ သည့်အတိုင်း သပ်တမ်းကို မွေးမြူခဲ့ပါမူ မိမိတို့မောင်သ် သေခြင်းတရား မရောက်ရှိခင်အချိန် အတွင်း နှလုံးသားအတွင်းရှိ ရောဂါဆိုးများကို ဖျောက်ကင်းနိုင်စွမ်းချီးမြင့်ပြီး အလ္လာဟ် အရှင်မြတ်၏ အချစ်တော် အဖြစ်သို့ ဆိုက်ရောက်စေမည် ဖြစ်သည်။ ထိုကဲ့သို့ ရှိုင်ခ်ခေကာမလ်၏ အရည်အချင်းအချို့ကို ဆက်လတ်၍ တင်ပြသွား ပါ့မည် သို့မှသာ အများမွတ်စလင်(မ်)များ ရှိုင်ခေကာမလ်အား ရှာဖွေရန် လွယ်ကူမည် ဖြစ်သည်။