ပါကစ္စတန်နိုင်ငံ ရိုင်ဝန် မရ်ကဇ် အနီး ဂျာမေအဟ် မဒနီယာဟ် (ဂျဒီးဒ်) အမည်ရှိ အစ္စလာမ့် အာရဗီ တက္ကသိုလ် ကျောင်းတော်ကြီး၏ ရှိုင်ခွလ်ဟဒီဆ် မော်လာနာ၊ မွဖ်သီ၊ ဟစန် ဆွာဟိဗ် ဒါမဒ် ဘရ်ကာသုဟုမွလ် အာလိယာဟ် သ္ခင်ကြီးသည် 21.2.2011 တွင် မရှ်ကားသ် အတန်းတွင် မရှ်ကားသ် ဟဒီဆ်၌ သင်ခန်းစာ အကီဒါဟ် ဟယာသွန်နဗီနှင့် စပ်လျှဉ်း၍ စတင် သင်ကြား ပို့ချရာမှ စ၍ ဆရာသ္ခင်ကြီး၏ လက်မှ အလွန် ထူးကဲသော အမွှေးရနံများ သင်းပျံ လာလေသည်။ ထိုအခါတွင် ကျောင်းသား အများသူငှာတို့မှာ သတိပြုမိ ကြပေသည်။ ဒုတိယနေ့ (22.2.2012) တွင်လည်း အမွှေးရနှံများ သင်းပြန့်နေရာ ဆရာသ္ခင်က ကျောင်းအုပ် ဆရာကြီး ထံမှ ခွင့်ပြုချက် ယူ၍ ကျောင်းတော်ကြီး၏ ဆရာသ္ခင်အားလုံး၊ ကျောင်းသား အားလုံးတို့ နှင့် ပြင်ပမှ ထိုသတင်းအား ကြားနာမိသည့် အတွက် လာရောက်သူ အားလုံးကိုပါ  မိမိလက်မှ သင်းပြန့်နေသည့် အမွှေး ရနှံများကို နမ်းရှိုက် စေခဲ့သည်။ ထိုအမွှေးရနှံ များကို ၎င်း ကျောင်းတော် ကြီးတွင် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား အချို့လည်း နမ်းရှိုက် ခွင့်ရရှိခဲ့သည်။ ဤသတင်းသည် နမ်းရှိုက်ခွင့် ရလိုက်သော မြန်မာနိုင်ငံ ကျောင်းသား များအနက် ကျောင်းသား တစ်ဦးမှ ပေးပို့ လာသော သတင်းဖြစ်သည်။