အစ္စလာမ် သာသနာဝင် အပေါင်း သာသနာတော်၏ လမ်းညွှန်ချက်များ အပေါ် တိကျ လွယ်ကူစွာ လိုက်နာကျင့်သုံးနိုင်ရန်နှင့် မိမိတို့၏ဘဝ ရှင်သန် မွေးမြူရာတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများ ကြုံဆုံလာသည့် ဒုက္ခများနှင့် ရှုပ်ထွေးလာသော ပြဿာနာများအား ရှရီအသ် တရားတော်မြတ်နှင့် အညီ ဖြေရှင်းပေးနိုင်ရန် အတွက် ကျွန်တော်များ အင်(မ်)ဒါဒွလ် မွတ်(စ်)လိမီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာနတစ်ခု ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထို့အတူ နိုင်ငံရပ်ခြားတွင် သွားရောက် လုပ်ကိုင် နေကြသော ညီအစ် ကိုမောင်နှမ များအား လွယ်ကူမှု့ ရရှိစေရန် ဆိုဒ်တွင် ဤဌာနလေးအား ထည့်သွင်းထား ခြင်းဖြစ်သည်။ (မည်သူ တစ်ဦး တစ်ယောက်ကို မျှ ဦးတည် ရည်ရွယ် တိုက်ခိုက် နေခြင်းမဟုတ်။) 
သို့ပါ၍ သာသနာ့ သောကရှင် ညီအစ်ကို မောင်နှစ်မများ မိမိတို့မသိရှိသော  တရားတော်မြတ်၏မိန့်မြွတ်ချက်များကိုလွတ်လပ်စွာ မေးမြန်း နိုင်ကြောင်း သတင်း ကောင်းပါး လိုက်ရပါသည်။ ကျွန်တော်များ အင်(မ်)ဒါဒွလ် မွတ်(စ်)လိမီး(န်) မြန်မာအွန်လိုင်း ဓမ္မသတ် ဌာနရှိ ဓမ္မသတ်မှုး (မွဖ်သီ) ချုပ်နှင့် ဆိုဒ်ရှိ မွဖ်သီများသည် အဟ်လေ့စွန္နသ် ဝလ်ဂျမာအသ် ဟနဖီ မဇ်ဟဗ်ဝင် များသာ ဖြစ်သည်။အချို့သည် အမိမြန်မာ နိုင်ငံတော်၏ ထင်ပေါ် ကျော်ကြားသည့် သာသနာ့ တက္ကသိုလ်များတွင် မော်လဝီ အတန်း အောင်မြင်ပြီး ပြည်ပသို့ ပညာတော်သင် ထွက်ပြီး အိန္နယ၊ ပါကစ္စတန်ရှိထင်ပေါ်ကြော်ကြားပြီး နိုင်ငံတော်မှ အသိ အမှတ်ပြုထားသည့် ကျောင်းတော် များတွင် ကေရာအသ်၊ ဟဒီဆ်နှင့် မွဖ်သီသင်တန်းများမှအရည်အချင်းပြည့်မှီစွာဖြင့် အောင်မြင်ခဲ့ကြပြီး နိုင်ငံ တကာတွင်သာသနာ့တာဝန်များကိုကိုယ်စီထမ်းဆောင်  နေလျှက်ရှိကြ   ပေသည်။