မိမိတို့ဘဝ ရှင်သန်မွေးမြူ ရာတွင် ဖြစ်ပေါ် လာသည့် အခက် အခဲများ ကြုံဆုံ လာသည့် ဒုက္ခများ နှင့် ရှုပ်ထွေး လာသော ပြဿနာ များအား တရားတော်မြတ် နှင့်အညီ ကျင့်သုံး ဖြေရှင်း ပေးနိုင်ရန် အတွက် ကျွန်တော်များ အင်(မ်)ဒါဒွလ် မွတ်(စ်)မီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာနရှိ ဓမ္မသတ် မှုးများနှင့် ရင်ဖွင့် ဆွေးနွှေး တိုပင် စေလိုပါသည်။ မိမိတို့ မေးမြန်းလို သည်တို့နှင့် ဆွေနွှေး တိုင်ပင်လိုသည့် အကြောင်း ကိစ္စရပ် တို့ကို ရှင်းလင်း ပြတ်သားစွာ ရေးသားပြီး i.m.m.o.f.2011@gmail.comသို့ အီးမေးလ်ပို့၍ မေးမြန်းနိုင်သည် ၊မေးလ်ပို့၍   မေးမြန်း ပြီးသည့် နောက်တွင် မေးခွန်း များအား အင်န်ယှာ အလ္လာဟ် ရက်အနည်း ငယ်အတွင်း အင်(မ်)ဒါဒွလ် မွတ်(စ်)လိမီး(န်) မြန်မာ အွန်လိုင်း ဓမ္မသတ် ဌာန၏ လျှောက်လွှာ ပုံစံ အဖြေလွှာပေါ်တွင် အွန်လိုင်း ဓမ္မသတ် ဌာန၏ တံဆိပ်တုံး၊ ဖြေဆိုသူ နှင့် ထောက်ခံ အတည် ပြုထားသော မွဖ်သီချုပ် တစ်ယောက်၏ လက်မှတ်အလုံးစုံ တို့ဖြင့် ဓမ္မသတ်ဆုံးဖြတ် ချက်များကို နည်းနာ တကျ ပြန်လည် ဖြေဆိုပေးနေ ပါသည်၊ မေခွန်းတိုင်း၏ ဖြေလွှာများကို မေးလ်ဖြင့်သာ ပြန်လည် ပို့ပေးမည် ဖြစ်ကြောင်း ကိုပါ တပါးတည်း ပြောကြား လိုပါသည်။ 
  မေမြန်းသူတိုင်း ဖြစ်နိုင်ပါက မိမိတို့၏ အမည် နှင့် နေရပ်လိပ်စာ တစ်ခုကိုပါ ထည့်သွင်းပေးစေ လိုပါသည်။ မေးမြန်းလာသည့် မေးခွန်းများ အနက်မှ မေခွန်း မည်သော   မေးခွန်းတိုင်း ကိုသာ ပြန်လည် အဖြေပေး နေကြာင်းကိုပါ အသိ ပေးအပ်ပါသည်။ အကြံပြု လိုသည်မှာ မိမိတို့ အမှန်တကယ် သိလိုသည့် ဘာသာရေး အကြောင်း  ကိစ္စများ နှင့် မိမိတို့ လက်တလော ရင်ဆိုင် နေရသည့် ပြဿနာ ရပ်များကိုသာ မေးမြန်း စေလိုပါသည်။ မှတ်ချက်။ ။မွဖ်သီများ၏ အလုပ်သည် သည်မေးမြန်း လာသော မေးခွန်းများ အနက် မေးခွန်း မည်သော မေးခွန်းများ အနက်ကိုကျမ်းအကိုးကားခိုင်လုံစွာဖြင့်  ပြန်လည်ဖြေဆိုပေးရပေသည်။ ထို့အတွက်ကြောင့် မေးမြန်းသူတိုင်းသတိပြုရန်မှာမိမိတို့မေးမြန်းလိုသည့် အကြောင်းကိစ္စရပ်တို့ကိုပွင့်ပွင့်လင်းလင်း မေးမြန်း စေလိုပါသည်။သို့မှ သာ မိမိတို့ သိလိုသည့် အကြောင်း ကိစ္စနှင့် ခံစားနေရသော ပြဿနာ များသိရှိပြီး အခတ် အခဲများမှ ပြေလည်မှု တစ်ခုနှင့် လမ်းစတစ် ရရှိပေလိမ့်မည်။